ကမာရွတ်မြို့နယ်၌ သန့်ရှင်းရေး ဝန်ထမ်းများအား ထမင်းဘူးနှင့်ဟင်းများ လာရောက်လှူဒါန်း

ကမာရွတ်  အောက်တိုဘာ  ၁၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲရေး လုပ်ငန်းတာဝန်ခံ အဖွဲ့ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ မြို့နယ်သန့်ရှင်း သာယာလှပရေးအတွက် နေ့တာဝန် ညတာဝန် ထမ်းဆောင်နေကြသော သန့်ရှင်းရေးဝန်ထမ်းများအား ယမန်နေ့ နေ့လည်ပိုင်းက “ မျှဝေကူညီပြည်သူဆီ “အဖွဲ့မှ လာရောက်လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် သန့်ရှင်းရေးဝန်ထမ်းများအား မျှဝေကူညီပြည်သူဆီ အဖွဲ့က ထမင်းဘူးနှင့် ကြက်ပဲဟင်းများဖြင့်  ဝန်ထမ်း (၁၁၀) ဦးအား နေ့လည်စာအဖြစ် သုံးဆောင်နိုင်ရန်  လာရောက် လှူဒါန်းခဲ့သည်။ လာရောက် လှူဒါန်းမှုကို တာဝန်ရှိသူမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး သန့်ရှင်းရေးဝန်ထမ်းများအား ပြန်လည် ခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)