အင်းစိန်မြို့နယ်၊ ကိုဗစ်ကော်မတီမှ အခြေခံလူတန်းစားများအား ခေါက်ဆွဲခြောက်ထုပ်နှင့် မုန့်များကို အိမ်တိုင်ရာရောက်လိုက်လံဝေငှ

ရန်ကုန်  အောက်တိုဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စားရေးသောက်ရေး အဆင်ပြေစေရန် ရည်ရွယ်၍ ကိုဗစ်ကော်မတီမှ အခြေခံလူတန်းစားများအား ခေါက်ဆွဲ ခြောက်ထုပ်နှင့်မုန့်များ အိမ်တိုင်ရာရောက် လိုက်လံဝေငှခြင်းကို ယမန်နေ့ ညနေ(၄)နာရီအချိန်က ဝေငှခဲ့ ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်ကော်မတီ စေတနာ့ဝန်ထမ်းအဖွဲ့များက အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်(နယ်မြေ-၆)နှင့် မြို့သစ်(ဂ)ရပ်ကွက်(သဲကွင်း)မှ အခြေခံ လူတန်းစားအများစု နေထိုင်သည့် အိမ်ထောင်စု (၆၀၀)ကျော် အား ခေါက်ဆွဲခြောက်ထုပ်နှင့်မုန့်များကို အိမ်တိုင်ရာရောက် လိုက်လံ ဝေငှခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)