လှိုင်သာယာ(အနောက်ပိုင်း) အောက်တိုဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့ မှု လျော့ကျစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်း ကန့်သတ်စောင့်ကြည့်စခန်း(၁၈)နေရာ ဆောင်ရွက်ထားရှိရာ ယနေ့ နံနက်ပိုင်းတွင် အမှတ်(၂၀) ရပ်ကွက် အ.ထ.က(၈)ကျောင်း ကန့်သတ်စောင့်ကြည့်စခန်းမှ စောင့်ကြည့်လူနာများအား နှစ်ပတ်ကျော်လွန်၍ ကျန်းမာရေးကောင်းမွန်သဖြင့် မိမိတို့နေအိမ်သို့ ပြန်လွှတ်ခဲ့သည်။
အဆိုပါ အ.ထ.က(၈)ကျောင်း ကန့်သတ်စောင့်ကြည့်စခန်းတွင် စောင့်ကြည့်လူနာ(၆၀)ဦးရှိရာ ၄င်းတို့ထဲမှ စောင့်ကြည့် ရက်(၂)ပတ်ကျော်လွန်၍ ကျန်းမာရေးကောင်းမွန်သူ (၁၉)ဦးအား မိမိတို့နေအိမ်တွင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အသီးသီးသို့ ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်ပြီး အနံ့မရသည့် စောင့်ကြည့်လူနာ(၁)ဦးအား လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၇) ရပ်ကွက် အ.ထ.က(၃) ကျောင်းတွင် ဆောင်ရွက်ထားရှိသည့် အနံ့မရသည့် သီးသန့်လူနာများထားရှိသည့် ကန့်သတ် စောင့်ကြည့်နေရာသို့ ပို့ဆောင်ခဲ့ပြီး ယနေ့တွင် စောင့်ကြည့်လူနာ (၄၀)ဦး ဆက်လက်ရှိနေသေးကြောင်း အမှတ်(၂၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
အ.ထ.က(၈)ကျောင်း ကန့်သတ်စောင့်ကြည့်စခန်းမှ စောင့်ကြည့်လူနာများ စားဝတ်နေထိုင်ရေးအတွက် လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် အတူ ဌာနဆိုင်ရာများ၊ လူမှုပရ ဟိတအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အတွင်းရှိ ပြည်သူများမှလည်း တတ်အားသရွေ့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
မြသန္တာဝင်း(ပြန်/ဆက်)