မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းတွင် အသုံးပြုနိုင်ရန် အတွက် အောက်စီဂျင်အိုး (၃) လုံးနှင့် ဆက်စပ်ပစ္စည်းများကို We Love Yangon (Mingalar Taung Nyunt) မှ အလှူရှင်များ ကိုယ်စား လာရောက်လှူဒါန်း

ရန်ကုန်  အောက်တိုဘာ  ၁၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ အောက်စီဂျင်အိုး () လုံးနှင့် ဆက်စပ်ပစ္စည်းများအား  We Love Yangon (Mingalar Taung Nyunt) ပရဟိတအဖွဲ့မှ အလှူရှင်များကိုယ်စား ယမန်နေ့နံနက်ပိုင်းက သိမ်ဖြူလက်ဝှေ့ရုံရှိ Community Based Facility Quarantine Centre သို့ လာရောက်လှူဒါန်းခဲ့ကြသည်။

ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းတွင် အသုံးပြုနိုင်ရန်အတွက် စေတနာရှင်များမှ We Love Yangon (Mingalar Taung Nyunt) ပရဟိတအဖွဲ့သို့ လှူဒါန်းခဲ့သည့် အောက်ဆီဂျင်အိုး () လုံးနှင့် ဆက်စပ်ပစ္စည်းများအား အမှန်တကယ်လိုအပ်သည့် မြို့နယ်အတွင်းရှိ  Quarantine Centre များတွင် လိုအပ်လာပါက အဆင်သင့် အသုံးပြုနိုင်ရေးအတွက်  We Love Yangon (Mingalar Taung Nyunt) ပရဟိတအဖွဲ့မှ တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက လက်ခံရယူပေးခဲ့ပြီး ထပ်ဆင့်ပြန်လည် လှူဒါန်းမှုနှင့် ပတ်သက်ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)