မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီမှ လမ်းပိုင်းပြင်ဆင်နေမှုအား ကွင်းဆင်းကြည့်ရှု

မြောက်ဥက္ကလာပ အောက်တိုဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအဖြစ် လမ်းပိုင်းပြင်ဆင် ဆောင်ရွက်နေမှုများကို ယမန်နေ့ နံနက် (၁၀)နာရီက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းရာတွင် မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇေမိုးနှင့် အဖွဲ့ဝင်များ၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မိုးသူနှင့် မြို့နယ်စည်ပင်လမ်းတံတားဌာနမှ တာဝန်ရှိသူများက ရန်ကုန်မြို့ထဲမှ ပြန်လာသည့် မော်တော်ယာဉ်များ အဝိုင်းကြီးမှတ်တိုင်အနီး ကျောက်ရေတွင်း Yတံတားပေါ် ပြန်ကွေ့တက်နိုင်စေရေးအတွက် ခေတ်မီနည်းစနစ်များဖြင့်  လမ်းပိုင်းပြင်ဆင် ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး အဆိုပါ ဆောင်ရွက်မှုကို လမ်းတံတား အင်ဂျင်နီယာဌာနမှ ဦးဝဏ္ဏဝင်း ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)