ဝေါ အောက်တိုဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် Quarantine Centre များသို့ လိုအပ်လျက်ရှိသည့် ပစ္စည်းများအား ယမန့်နေ့က လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါပစ္စည်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် LIFT မှ လှူဒါန်း၍ Network Activities Groupမှလာရောက်ပံ့ပိုးကူညီပေးခဲ့ပြီး Hand Wash(၅၀)ဘူး၊ Sewing Mask(၅၀)ခု၊ Surgical Mask (၅)box၊ ရေပုံး/ခွက်(၅၀)စုံ၊ Carbolic(၅၀)တောင့်တို့အား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးကြည်နှင့် အရှေ့ဘက်ကမ်းရပ်ကွက် ရာအိမ်မှူးတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
ဟိန်းမာန်(ပြန်/ဆက်)