စေတုတ္တရာ အောက်တိုဘာ ၁၅
မကွေးတိုင်ဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များမှ ရပ်ကျေး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များအား တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနံက်(၁၀)နာရီအချိန်က မြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးသိန်းမြင့်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်က ရပ်ကျေးရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များအား လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ပြည်သူများ လုံခြုံဘေးကင်းစွာ ဆန္ဒမဲပေးနိုင်ရေး၊ မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရေးအတွက် အဓိကထားဆောင်ရွက် စေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်မူယာက မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းများ ဖွင့်လှစ်မည့် အခြေအနေ၊ ကြိုတင်ဆန္ဒမဲလက်မှတ်ပေးနိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ စည်းမျဉ်း စည်းကမ်းများ၊ ဆန္ဒမဲလက်မှတ်များ ဖြန့်ဝေ ဆောင်ရွက်မည့် အစီအစဉ်များနှင့် မဲရုံတွင်ထားရှိ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင် ဦးသိန်းလှက ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲဝင်များအား ရွေးကောက် ပွဲဆိုင်ရာ အတွေ့အကြုံများအား ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသော ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဝင်များက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်မူယာက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)