ပြည် ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့နံနက် ၉ နာရီက ပြည်ခရိုင် စာပေချစ်မြတ်နိုးသူများ ဆုံစည်းရာအဖွဲ့မှ သိပ္ပံမောင်ဝ၏ မောင်လူအေးမဟုတ်သော မှတ်တမ်းဝင် ဇာတ်လမ်းစဉ်စာအုပ်အကြောင်းကို ဆွေးနွေးကြသည်။
ရှေးဦးစွာ ဆရာကြီး ဦးမြဝင်း (မြဝင်း-ဒဿန) ဆွေးနွေးပြီး ဆရာဦးအောင်စိုး (အောင်စိုး)၊ ဆရာမောင်စိန်းလန်း (မောင်စိန်းလန်း-ပြည်)က ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဆရာကြီးဦးမြဝင်း (မြဝင်း-ဒဿန)က သိပ္ပံမောင်ဝ တက္ကသိုလ်မှာရေးသားခဲ့သော တို့ဆရာကဗျာအား ဖတ်ပြပြီး နေ့စဉ်ဒိုင်ယာယီရေးသည့် အလေ့အကျင့်များ မွေးရန်၊ တစ်ရက်လျှင် အိပ်ရာဝင်ချိန် မရောက်ခင် စာအုပ်တစ်အုပ် ဖတ်ရန်၊ စာရေးဆရာများ နေ့စဉ်အချိန်တစ်ခု ကန့်သက်၍ စာရေးကြရန်နှင့် ကျောင်းများတွင် အနာဂတ်လူငယ်များအတွက် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုး တက်လာဖို့ ပြောကြားသည်။
မင်းမင်းစိုး(ပြည်)