ပုဇွန်တောင်မြို့နယ်တွင် မြို့လူထုအစည်းအဝေး (Town Hall Meeting) ကျင်းပ

ရန်ကုန်   ဇန်နဝါရီ    ၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ မြို့လူထုအစည်းအဝေး (Town Hall Meeting) ကို  အ.ထ.က(၂) ပုဇွန်တောင်ကျောင်းခန်းမတွင် ယနေ့နံနက် (၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး၊ ပုဇွန်တောင်မြို့နယ် အမှတ်(၁)မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ ပုဇွန်တောင်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်က Town Hall Meeting ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား၍ တက်ရောက်လာသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသည့် ပြည်သူများမှ သိရှိလိုသည်များအား မေးမြန်းရာ လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲတွင် အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

မြတ်သီရိ(ပြန်/ဆက်)