ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် မှုခင်းကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် သက်ငယ်မုဒိမ်းမဖြစ်ပွားရေး အသိပညာပေး ဟောပြော

ဆော ဇန်နဝါရီ ၆

ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သက်ငယ်မုဒိမ်း မဖြစ်ပွားရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီခွဲက လက်မွန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

အဆိုပါ မှုခင်းအသိပညာပေးရာတွင် ဆောမြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းထိုက်နှင့် တာဝန်ရှိသူများက ကျေးရွာနေပြည်သူများအား သက်ငယ်မုဒိမ်းမဖြစ်ပွားရေး၊ မူးယစ်ဆေးဝါး အန္တရာယ်ကင်းရှင်းစေရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာရေးနှင့် မှုခင်းလျော့နည်းကျဆင်းရေး အသိပညာပေး ရှင်းလင်း ဟောပြောခဲ့ပြီး မှုခင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဇော်မျိုးသန့်(ပြန်/ဆက်)