ဂန့်ဂေါ ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ပုံတောင်၊ ပုံညာတောင်ဒေသ ကြက်ရိုးကျေးရွာ အုပ်စု၊ လယ်ဓမ္မကျေးရွာတွင် နွေရာသီကာလ၌ သောက်သုံးရေပြတ်လပ်မှု မဖြစ်ပေါ်စေရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မွမ်းမံရန်ပုံငွေဖြင့် စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းအား ဇန်နဝါရီလ ၃ ရက်က စတင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါလယ်ဓမ္မကျေးရွာသောက်သုံးရေ ရရှိရေးလုပ်ငန်းအား ခွင့်ပြုရန်ပုံငွေကျပ် ၁၃၇ သိန်း ဖြင့် ၄ လက်မ × ပေ၅၀၀ ပေစက်ရေတွင်းတူးဖော်ခြင်း၊ ၂လက်မ PVC ပိုက်လိုင်း ၅၀၀ ပေ သွယ်တန်းခြင်းလုပ်ငန်းများအား ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်၊ လယ်ဓမ္မကျေးရွာသည် ပူးပြင်းခြောက်သွေ့သောနွေရာသီကာလများတွင် စိမ့်စမ်းရေအရင်းအမြစ်များ ခမ်းခြောက်ခြင်းနှင့် ကျေးရွာတွင်းရှိလက်တူးတွင်းနှင့် တွင်းတိမ်များ မှာ ရေလုံလောက်မှုမရှိခြင်းတို့ကြောင့် သောက်သုံးရေအခက်အခဲများဖြစ်ပေါ်ခဲ့ရပြီး အဆိုပါ စက်ရေတွင်းတူးဖော် ခြင်းလုပ်ငန်းဆာင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာရှိ လူနေအိမ်ခြေ ၆၇ အိမ်၊ လူဦးရေ ၃၀၈ ဦးနှင့် ဘုန်တော်ကြီးကျောင်း၊ စာသင်ကျောင်းများအတွက် သောက်သုံးရေ အခက်အခဲများ အဆင်ပြေသွားမည်ဖြစ်ကြောင်း သိရသည်။
တောင်သားမောင်သန်း