တောင်ငူ အောက်တိုဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ကြည့်ရှု လေ့လာ သိရှိနိုင်စေရန်အတွက် ရည်ရွယ်ပြီး ဦးစီးဌာနရုံးရှေ့တွင် နိုင်ငံတော်အစိုးရ၏ တိုင်းကျိုး ပြည်ပြု ဆောင်ရွက်မှုမှတ်တမ်းများ၊ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို မြေစိုက်နံရံကပ်ပြ ဘုတ်၌ ယနေ့ နံနက်ပိုင်းက ပြသဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှု မှတ်တမ်း ဓါတ်ပုံ များ၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများတွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး သတင်း အမှားအမှန်ခွဲခြားပြီး ကျန်းမာရေးစည်းကမ်းတွေ လိုက်နာနိုင်ရေး၊ အချက်အလက်နှင့် ထင်မြင်ယူဆချက် တို့ကို ခွဲခြားဖို့ခက်နေပါသလား၊ သတင်းတင်ဆက်ချက်များထဲမှ ဓမ္မဓိဋ္ဌာန် သတင်းအချက်အလက်များနှင့် ပုဂ္ဂလဓိဋ္ဌန် သတင်းအချက်အလက်များ၊ အချက်အလက်နှင့် ထင်မြင်ယူဆချက်၊ သတင်းတွင် အသုံးပြုသော စကား အသုံးအနှုန်းပိုင်းကို သတိထားကြည့်ရှုပါ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊ ကလေး သူငယ်၊ လူငယ်နှင့် လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်နှင့် ရှောင်ရန်များ၊ သတင်းအချက်အလက်များ၊ မည်သို့ဆက်စပ် အရေးပါကြောင်း ကလေးများနှင့် အတူဆွေးနွေး ပါ၊ မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုရှိသော၊ မိဘ/ အုပ်ထိန်းမှု အတက်ပညာဆိုသည်မှာ အဘယ်နည်း၊ ကြော်ငြာများ၊ လုပ်ကြံသတင်းများ၊ နည်းလမ်းများ၊ သင်သည် မီဒီယာနှင့်သတင်းအချက် အလက်ဆိုင်ရာ သိနားလည်မှုရှိသော မိဘအုပ်ထိန်းသူတစ်ဦးဖြစ်ပါသလား၊ သမိုင်းဝင် တည်နေရာများကို ပုံရိပ်ယောင်နည်း ပညာဖြင့် သွားရောက်လေ့လာရာဝယ်၊ အိမ်တွင် လုပ်ဆောင်နိုင်သော ကလေးများနှင့် အတူ စာဖတ်ပါ၊ ရုပ်ရှင် အတူကြည့်ပါ၊ ကလေးများနှင့်အတူ သတင်းကြည့်ရာဝယ်၊ မေးသင့်မေးခွန်းများ စသည့် အသိပညာပေး နံရံကပ် စာစောင်များကို ပြသထားကြောင်း သိရသည်။
ဇော်ထက် (ပြန်/ဆက်)