ဝန်းသို ဇန်နဝါရီ ၆
၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ ကွင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၂ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့သည်။
အားကစားပြိုင်ပွဲဖွင့်ပွဲမုခ်ဦးအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေစိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် မြို့နယ်ပညာရေးမှူး ဆရာကြီးဦးစိုးနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါအားကစားပြိုင်ပွဲကို ဇန်နဝါရီလ ၅ ရက်နေ့မှ ၈ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ပြေးခုံပစ်ပြိုင်ပွဲစသည့်ပြိုင်ပွဲများတွင် ဝန်းသိုမြို့နယ်ရှိ ကမစ(၈)အုပ်စုမှ ကျောင်းသား၊ ကျောင်းသူ အားကစားသမား ၅၅၀ ဦးကျော်တို့က ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။
ယခုလို အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းအားဖြင့် လူငယ်မောင်မယ်များကြားတွင် ချစ်ကြည်ရင်းနှီးမှု၊ နားလည်သည်းခံမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု စသည့်အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ များကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)