သရက်ခရိုင် အောင်လံမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်လှစ်

အောင်လံ ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် မီးသတ်ဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို  ယနေ့    နံနက်(၉)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနခန်းမတွင်ဖွင့်လှစ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာမှူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ    တာဝန်ရှိသူများမှ သင်တန်းသားများအား မီးသတ်တူညီဝတ်စုံများပေးအပ်သည်။    

အခမ်းအနားသို့  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်စိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးထွန်း၊ မြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးထက်ဇော်မင်းနှင့် သင်တန်းသား  အရန်မီးသတ်တပ်ဖွဲ့ဝင်များ   တက်ရောက်ခဲ့ကြကြောင်းသိရသည်။

သင်တန်သို့ မြို့နယ်အတွင်းရှိ   အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦး တက်ရောက်ခဲ့ကြြပီး    သင်တန်းကို   ဇန်နဝါရီလကုန်ပိုင်းအထိ   ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

သိန်းလွင်(အောင်လံ)