ဟုမ္မလင်း ဇန်နဝါရီ ၆
၂၀၁၉-၂၀၂၀ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့၊ အမှတ်(၁) အခြေခံပညာမူလတန်းလွန်ကျောင်း၏ ကျောင်းစာကြည့်တိုက်ဖွင့်ပွဲနှင့် ပညာရေးစုံညီပွဲတော်ဖွင့်ပွဲကို ယနေ့ နံနက်(၈)နာရီက အဆိုပါကျောင်းဝန်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားကို စတုတ္ထတန်းမှ ကျောင်းသား၊ ကျောင်းသူလေးများက "ကြိုဆိုပါ စုံညီပွဲတော်သီချင်း" ဖြင့် သီဆိုဖွင့်လှစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွှန့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညီထွေးတို့က အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်က စာကြည့်တိုက်အင်္ဂါရပ်("B") ငါးလုံးနှင့် စာကြည့်တိုက်ရေရှည်တည်တံ့ခိုင်းရေး၊ ပညာရေးကဏ္ဍများနှင့်ပတ်သတ်၍ ရှင်းလင်ပြေကြားခဲ့သည်။
ဆက်လျက်၍ "ပညာအလင်း" စာကြည့်တိုက်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွှန့်၊ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးညီညီထွေးနှင့်တာဝန်ရှိသူများက ဖဲကြိုး ဖြတ်ဖွင့်လှစ်ခြင်း၊ ရှမ်းဝန်ကြီးက ကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်များပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးကလက်ခံခြင်း၊ အမှတ်တရမှတ်တမ်းတင်ရိုက်ကူးခြင်းနှင့် တာဝန်ရှိသူများက ပညာအလင်း စာကြည့်တိုက်အားလှည့်လည်ကြည့်ရှုခြင်းတို့ ဆောင်ရွက်ခဲ့ ကြသည်။
ထို့နောက်ဒုတိယပိုင်းကျင်းပခဲ့ရာ ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌက ကျောင်းနှင့်ပတ်သတ်၍ လုပ်ငန်းဆိုင်ရာ ဆောင်ရွက်နေမှု များအားရှင်းလင်းတင်ပြပြီး တိုင်းအဆင့်၊ခရိုင်အဆင့်၊မြို့နယ် အဆင့်၊ ကျောင်းတွင်းကာယ၊(ညာ/ဏ)ဆုရကျောင်းသား၊ ကျောင်းသူများကို တာဝန် ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူးများက အကပဒေသာများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
အဆိုပါစာကြည့်တိုက်ကို အလှူရှင် United Uniques com.Ltd ကုမ္မဏီမှ တာဝန်ယူတည်ဆောက်ခဲ့ရာ စုစုပေါင်း ကျပ်သိန်း(၁၅၀)ခန့် ကုန်ကျခဲ့ကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)