ကော့ကရိတ် မတ် ၁၉
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်တားဆီးရေးနှင့် ကြိုတင်ကာကွယ်ရေး အပူချိန်တိုင်းတာဆောင်ရွက်ခြင်းကို ကော့ကရိတ်မြို့ လိုင်ဝစစ်ဆေးရေးဂိတ်တွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ပြုလုပ်ဆောင်ရွက်ရာတွင် ကော့ကရိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နိုင်နိုင်ထွန်း၊ ခရိုင်ကျန်းမာရေးဦးစီးမှူး၊ ခရိုင်မီးသတ်ဦးစီးမှူးတို့မှ အနီးကပ်ကြီးကြပ်မှုဖြင့် တစ်ဖက်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံမှ ဝင်ရောက် လာသည့် နိုင်ငံခြားသားများ၊ ခရီးသည်များကို ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်တားဆီးရေးနှင့် ကူးစက် ပြန့်ပွားမှုမရှိစေရေး၊ ကူးစက်မှုရှိ/မရှိ အခြေအနေတို့ကို ရောဂါရှာဖွေရေး ကိုယ်အပူချိန်တိုင်း ကိရိယာဖြင့် စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)