အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လွှဲပြောင်းပေးအပ်ပွဲ အထိမ်းအမှတ် ဆရာ၊ ဆရာမများနှင့် ကျောင်းသားများအား ကျောင်းဝတ်စုံပေးအပ်ခြင်းနှင့် ECG နှလုံးစမ်းသပ် စက်လှူဒါန်းပွဲ ကျင်းပ

ရေဦး ဇန်နဝါရီ  ၆

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ် အင်တောကျေးရွာအုပ်စု ပန်းကုန်းကျေးရွာတွင် ဇန်နဝါရီ ၆ ရက်နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ရေပြာကျေးရွာ အောင်ဇမ္ဗူ‌တောရဓမ္မရိပ်သာ ဆရာတော်  အမှူပြုလှူဒါန်းဆောက်လုပ်ခဲ့သော  အ‌ခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲအထိမ်းအမှတ်  အခြေခံပညာ ကျောင်းပေါင်းခုနှစ်ကျောင်းမှ ဆရာ၊ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများအား ကျောင်း၀တ်စုံ‌နှင့် ECG နှလုံးစမ်းသပ်စက်ပေး အပ်လှူဒါန်းပွဲ ကျင်းပ ခဲ့သည်။

ရှေးဦးစွာ  အခြေခံပညာကျောင်းပေါင်း ခုနှစ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ       ဆရာ ဆရာမများနှင့် ကျောင်းသားမိဘများမှ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆုံးမဩဝါဒစကားများ နာကြားခဲ့သည်။

ဆက်လက်ပြီး  ဆရာတော်ကြီးက နယ်မြေ   အေးချမ်းသာယာစေရေးအတွက် မေတ္တာပို့အမျှပေးဝေခဲ့ပြီး ဆရာတော်အမှုးပြုသော အောင်ဇမ္ဗူသာသနာပြုအဖွဲ့က ကျောင်းဆောင်အတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။

ထို့နောက် အောင်ဇမ္ဗူသာသနာပြုအဖွဲ့က ကျောင်းသား ကျောင်းသူ ၁၈၇၀ နှင့် ဆရာဆရာမများအား ကျောင်း၀တ်စုံများပေးအပ်ခဲ့သည်။  

နေ့လယ်ပိုင်းတွင် ဆရာတော်ကြီးက ရေဦးမြို့ကျန်းမာရေးနှင့်ကုသ‌ရေးဦးစီးဌာန ကုတင်(၁၀၀ )ဆံ့   ပြည့်သူ့ဆေးရုံကြီးသို့ ကျပ်သိန်း ၈၀ တန်ဘိုးရှိ (Model-1150 ECG) နှလုံးစမ်းသပ်စက် တစ်လုံး ပေးအပ်လှူဒါန်းရာ     မြို့နယ် ဆရာ၀န်ကြီး ဒေါက်တာ အောင်ကျော်နိုင်က  ကျေးဇူစကားများ ပြန်လည်လျှောက်ထားခဲ့ကြောင်း သိရသည်။

သန်းသန်း(ရေဦး)