ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး စနစ်တကျ လက်ဆေးနည်းများ ပြသ

ကျိုက်ဒုံ  မတ် ၁၉

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့ နံနက် ၁၀ နာရီတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် စနစ်တကျလက်ဆေးနည်းများ ပြသဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးခြင်းသည် နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များ၌ စာကြည့်တိုက်ကို အသုံးပြုနေသော ကလေးငယ်များ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ရည်ရွယ်၍ စာကြည့်တိုက်မှူး ဒေါ်နန္ဒာလှိုင်၊ ရုပ်သံ(၃)ဒေါ်ဝါဝါလင်းတို့မှ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် စာကြည့်တိုက်မှူးမှ ကလေးများအား လက်ဖဝါး၊ ဖမိုး၊ လက်ခေါက်ချိုး၊ လက်ကြား၊ လက်မ၊ လက်ဖဝါးကို ကုတ်ခြစ်ပါ၊ လက်ကောက်ဝတ်များကို ဆပ်ပြာဖြစ် နည်းစနစ်မှန်ကန်စွာ ဆေးကြောနိုင်စေရေးအတွက် ကလေးများအား ပြသသင်ကြားပေးခြင်း၊ နှာချေးချောင်းဆိုးသည့်အခါတိုင်းသင့်မိသားစုများနှင့် ပတ်ဝန်းကျင်များကို ရောဂါပိုးမွှားများ ကူးစက်ပျံနှံ့ခြင်းကို ကာကွယ်ရန်အတွက် အသိပညာပေး နံရံကပ်စာစောင်များအား ဖတ်ကြား၍ ရှင်းလင်းပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ပြန်/ဆက်)