ကော့ကရိတ် ဇန်နဝါရီ ၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် ယနေ့ နံနက်၉နာရီအချိန်က ရော်ဘာပင်များတွင် ရွက်ကြွေရောဂါဖြစ်စေသည့် PestalotiopsisSpp မှိုရောဂါဆိုင်ရာ ပညာပေးသင်တန်း ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်နော်သူလေထီးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။
ယင်းနောက် ရော်ဘာသီးနှံပိုးမွှားရောဂါ ကျွမ်းကျင်ပညာရှင်များဖြစ်သည့် PCRD (မော်လမြိုင်)မှ ဆရာမဒေါ်မေဆန်းနှင့် ဒေါ်သန္တာမိုးတို့မှ တောင်သူများနှင့် ဝန်ထမ်းများအား အိမ်နီးချင်းနိုင်ငံများတွင် အဆိုပါမှိုရောဂါပိုးကျရောက်နေမှုအခြေအနေများနှင့် ရော်ဘာပင်များတွင် ကျရောက်တက်သောပိုးမွှားရောဂါများအကြောင်းကို အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့်တောင်သူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါသင်တန်းကို စိုက်ပျိုးရေးဦးစီးဌာနကော့ကရိတ်ခရိုင်မှ ဝန်ထမ်း(၂၅)ဦး၊ မြဝတီခရိုင်မှ ဝန်ထမ်း(၁၁)ဦး၊ ရော်ဘာစိုက်တောင်သူ(၁၄)ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ တစ်ရက်တာဖြစ်ကြောင်း သိရသည်။
ခင်မျိုးဝင်း(ပြန်/ဆက်)