လသာမြို့နယ်၌ ကန့်သတ်စောင့်ကြည့်သူများ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး၊ (၄) ဦး ပိုးတွေ့

လသာ အောက်တိုဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း အ-ထ-က(၁) ကျောင်း၌ ဖွင့်လှစ်ထားသော Community Based Facility Quarantine Centre တွင် ဝင်ရောက်နေသည့် Positive လူနာနှင့် အနီးကပ်ထိတွေ့သူများနှင့် အနံ့ မရရှိသူ (၆၁)ဦး တို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Diagnosis Test Kit ဖြင့် Swab ယူ စစ်ဆေးပေးခြင်း  ယမန်နေ့ နံနက် (၉) နာရီခွဲက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စစ်ဆေးဆောင်ရွက်ရာတွင် Positive လူနာနှင့် အနီးကပ်ထိတွေ့သူများနှင့် အနံ့ မရရှိသူ (၄၇) ဦးအား စစ်ဆေးပြီးရာတွင် အမျိုးသမီး(၄) ဦး၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရသဖြင့် ရောဂါဆက်လက် ကုသနိုင်ရေးအတွက် ကုသရေး စင်တာသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။ ကျန်(၁၄)ဦး၏ အာခေါင်၊ နှာခေါင်းတို့ပတ် (Swab) လည်း ယူထားပြီးဖြစ်ကြောင်း သိရသည်။

မေသူ (ပြန်/ဆက်)