သံတောင်ကြီး အောင်တိုဘာ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ သံတောင်ကြီးမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)ထိုးနှံပေးခြင်းနှင့် ပတ်သက်၍အသိပညာပေး ဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က သံတောင်ကြီး မြို့ပြည်သူ့ဆေးရုံ အ စည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ဆရာဝန်ဒေါက်တာစည်သူစန်းက သားအိမ်ခေါင်းကင်ဆာ ကာကွယ် ခြင်း နှင့်ကုသခြင်းဆိုင်ရာ အကြောင်းအရာများ၊ သားအိမ်ခေါင်းကင်ဆာနှင့််ပတ်သက် သည့် အချက်အလက်များ၊ သားအိမ် ခေါင်းကင်ဆာဖြစ်ပွားခြင်း၏ ရောဂါလက္ခဏာ များ စသည်တို့ကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်
ထို့နောက် တက်ရောက်လာသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်နော်ခရစ္စထွန်း၊ ဌာနဆိုင်ရာများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများနှင့် ရပ်မိရပ်ဖများက သိရှိလိုသည်များ မေးမြန်း ဆွေးနွေးခဲ့ပြီး မြို့နယ်ဆရာဝန် ဒေါက်တာစည်သူစန်းနှင့် သံတောင်မြို့ တာဝန်ခံဆရာဝန် ဒေါက်တာ စစ်သွေးပိုင်တို့က ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့သည်။
အဆိုပါ သံတောင်ကြီးမြို့နယ်တွင် အသက်(၉)နှစ်မှ(၁၀)နှစ်အတွင်း အမျိုးသမီး ငယ်များ သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး ထိုးနှံခြင်းကို အောက်တို ဘာလ(၂၁)ရက်နေ့မှ စတင်ထိုး နှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)