အလုံ အောက်တိုဘာ ၂၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံနှင့် အ-ထ-က(၄)အလုံ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများတွင် အသုံးပြရန်နှင့် အသွားအလာကန့် သတ်ထားသူများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်နေ့က နေလည်စာထမင်းဘူး (၁၉၀)ဘူးနှင့် ကြက်ဥအလုံး(၁၀၀) လာရောက် လှူဒါန်း ခဲ့ကြောင်းသိရ သည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင် အာသာဝတီလမ်း မိသားစုနှင့် ဆွမ်းကြီးလောင်း အာစိဏ္ဏကံ အလှူရှင်များမှ နေ့လည်စာထမင်းဘူး(၁၉၀)ဘူနှင့် ကြက်ဥအလုံး(၁၀၀)တို့ကို လာရောက် လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အသွားအလာ ကန့်သတ်စောင့်ကြည့် နေရာများကို အ−ထ-က(၇)နှင့် အ-ထ-က(၄) အလုံတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများသို့ စေတနာရှင် အလှူရှင် များက နေ့စဉ်အလှူငွေ၊ ကာကွယ်ရေး သုံးပစ္စည်းများနှင့် စားသောက် စရာများကို နေ့စဉ်မပြတ် လာရောက် လှူဒါန်းလျက်ရှိကြောင်း သိရသည်။
တင်တင်ချို(အလုံ)