ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ စုပေါင်း၍ မြို့နယ်ဘုန်းတော် ကြီးကျောင်းသို့ အခြေခံ စားသောက်ကုန်များလှူဒါန်း

ခရမ်း အောက်တိုဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၌ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုမှ ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် နေအိမ်တွင်နေထိုင်ရေး (Stay at Home)ကာလအတွင်း သံဃာတော်များ ဆွမ်း၊ ကွမ်းကိစ္စရပ်များ အခက်အခဲမရှိစေရေး ရည်ရွယ်၍  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ စုပေါင်း၍ မြို့နယ် ဘုန်းတော်ကြီးကျောင်းသို့ ဆန်၊ ဆီ၊ ဆားနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ယနေ့ နံနက်(၁၀) နာရီက သွားရောက်လှူဒါန်း ပေးခဲ့ကြသည်။

အဆိုပါလှူဒါန်းမှုကို ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်နှင်းဝေ ဦးဆောင်၍ ဝန်ထမ်းများမှ  အမှတ်(၂)ရပ်ကွက်ရှိ “ရွှေဘုံသာကျောင်းတိုက်၌ သီတင်းသုံး နေထိုင်တော်မူသော ဆရာတော်သံဃာတော်များ ဆွမ်း၊ ကွမ်းကိစ္စရပ် များ အခက်အခဲမရှိ အဆင်ပြေစေ ရန်အတွက် ပေါ်ဆန်း ဆန် (၁၂) ပြည်၊ ဆီ (၂) ပိဿာ(၂၅)ကျပ်သားကြက်သွန်နီ  (၂) ပိဿာ၊ ကြက်ဥ (၃၂)လုံးနှင့် ခေါက်ဆွဲခြောက်၊ အာလူးနှင့် အခြေခံစားသောက်ကုန်များအား သံဃာတော်များထံ လှူဒါန်းပေးခဲ့ကြောင်း သိရ သည်။

ကိုမင်း(ခရမ်း)