အလုံမြို့နယ်၌​ နေအိမ်ပြင်ပထွက်ခွာသူများ၊ ​စျေးရောင်းသူများနှင့်​ စျေးဝယ်သူများ ပါးစပ်၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်း ရှိ၊ မရှိ စစ်​ဆေးကြပ်မတ်ခြင်း​ ဆောင်ရွက်

အလုံအောက်တိုဘာ  ၂၀

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် နေထိုင်ကြ​သော ပြည်သူများ ကိုဗစ်-၁၉  ရောဂါ ကာကွယ်ထိန်းချုပ်နိုင်​ရေးအတွက်  နေအိမ်ပြင်ပထွက်ခွာသူများ၊  ​စျေး​ရောင်းသူများနှင့် စျေးဝယ်သူများ ပါးစပ်၊ နှာ​ခေါင်းစည်း(Mask)များ တပ်ဆင်ခြင်း ရှိ၊ မရှိ  စစ်​ဆေးကြပ်မတ်ခြင်းကို ယ​နေ့နံနက် ()နာရီအချိန်က အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထိုသို့​ ဆောင်ရွက်ရာတွင် မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာ​ရေး​ကော်မတီတို့ ပါဝင်​သော ပူး​ပေါင်း အဖွဲ့မှ  မြို့နယ်တွင်းရှိ အလုံ​စျေးနှင့် ဆင်မင်း​စျေးတို့တွင် အဖွဲ့()ဖွဲ့ခွဲကာ ​နေအိမ်ပြင်ပ ထွက်ခွာသူများ၊​ စျေး​ရောင်း၊​ စျေးဝယ်များအား ပါးစပ်၊ နှာ​ခေါင်းစည်း (Mask) များ တပ်ဆင်ခြင်း ရှိ၊ မရှိ စစ်​ဆေးကြပ်မတ်ခဲ့သည်။

ထိုသို့စစ်​ဆေးရာတွင် Mask တပ်ဆင်လာခြင်း မရှိသူများအား ​ တစ်ဦးလျှင် ဒဏ်​ငွေအဖြစ် ​ငွေကျပ် ၂၀၀ စီကို ​ပေး​ဆောင်​စေခြင်းနှင့် ​နေအိမ်ပြင်ပထွက်ခွာတိုင်း Mask မဖြစ်မ​နေ တပ်ဆင်ရန်နှင့် (Social Distancing) နှင့်အညီ​ ခပ်ခွာခွာ နေထိုင်ကြရန် သတိပေး​ပြောကြားခြင်းများကို ​ဆောင်ရွက် ခဲ့ပြီး စစ်​ဆေးချိန်တွင် ပါးစပ်၊ နှာ​ခေါင်းစည်း(Mask)များ တပ်ဆင်ခြင်းမရှိသူ()ဦးအား အ​ရေးယူ​ဆောင်ရွက်ခဲ့​ကြောင်း  သိရသည်။   

တင်တင်ချို(အလုံ)