ထီးချိုင့်မြို့နယ်၌ ကြိုတင်ဆန္ဒမဲပုံးများကို လွှတ်တော်ကိုယ်စားလှယ်လောင်းများရှေ့တွင် လုံခြုံရေး ကြိုးဖြင့် တပ်ဆင်ချိတ်ပိတ်ခြင်း ပြုလုပ်ဆောင်ရွက်

ထီးချိုင့် အောက်တိုဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ၂၀၂၀ပြည့်နှစ်နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်ရာတွင် ကြိုတင်ဆန္ဒမဲ လက်မှတ်များကို အဆင့်သင့်ထည့်သွင်း အသုံးပြုသွားနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲပုံးများအား လုံခြုံရေးကြိုးဖြင့် တပ်ဆင်ချိတ်ပိတ်ခြင်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ခန်းမတွင် ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

ရှေးဦးစွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်မင်းမှ ကြိုတင်ဆန္ဒမဲပုံးအား လုံခြုံရေးကြိုးဖြင့် တပ်ဆင် ချတ်ပိတ်ခြင်း ဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးကျော်စွာထွန်းမှ ကြိုတင်မဲပုံးထိန်းသိမ်း စောင့်ရှောက်ခြင်း၊ ကြိုတင်မဲပုံး လုံခြုံရေး ကြိုးချိတ်ပိတ်ပုံကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကြိုတင်မဲများကို ကြိုတင်မဲပုံးအတွင်း ကြိုတင်မဲများကို မူလဆန္ဒပြုထားသည့်အတိုင်း ထည့်သွင်းသိမ်းဆည်းနိုင်ရေး အတွက် ကြိုတင်မဲပုံးလုံခြုံရေးကြိုး၏ ကုတ်နံပတ်များကို တက်ရောက်လာသော ကိုယ်စားလှယ်များအား မှတ်သားစေခဲ့ပြီး ထီးချိုင့်မြို့နယ်အတွင်းရှိ ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် ချိတ်ပိတ် တပ်ဆင်ခဲ့ ကြောင်း သိရပါသည်။

ရဲလင်းထွန်း (ထီးချိုင့်)