ကနီ အောက်တိုဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မှားယွင်းမှုမရှိစေရန် အသုံးပြုမည့် ဆန္ဒမဲ လက်မှတ်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲမှ ကော်မတီဝင် များ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အဆိုပါရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးအစည်းအဝေးခန်းမ တွင် ဖွင့်ဖောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ဖွင့်ဖောက်စစ်ဆေးရာတွင်အ ထွေထွေရွေးကောက်ပွဲ၌ အသုံးပြုမည့် မဲဆန္ဒနယ် အလိုက် ဆန္ဒ မဲလက်မှတ်အရေ အတွက်ပြည့်/မပြည့် စွန်းထင်းစုတ်ပြဲနေသော ဆန္ဒမဲ လက်မှတ်ပါဝင်မှု ရှိ/မရှိ သတ်မှတ်မဲဆန္ဒနယ်၏ ဆန္ဒ မဲလက်မှတ်ဟုတ်/ မဟုတ် ပါဝင်ရမည့်ကိုယ်စားလှယ်လောင်း များ၏ အမည် အသုံးပြု (logo) များ မှန်ကန်မှု ရှိ/မရှိ တို့ကို တာဝန်ရှိသူများက စစ်ဆေး ခဲ့ကြသည်။
ကနီမြို့နယ်တွင် ဆန္ဒ မဲလက်မှတ်များမှာ ပြည့်သူ့လွှတ်တော်အတွက်(၂၆၆၄)အုပ် အမျိုးသား လွှတ်တော်အတွက် (၂၆၆၄)အုပ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်အတွက် (၁၃၃၂)အုပ် အမှတ်(၂)တိုင်းဒေသကြီးလွတ်တော် အတွက်(၁၃၀၉)အုပ် ရှမ်းကိုယ်စားလှယ်အတွက်(၁၇) အုပ် ချင်းကို ယ်စားလှယ်အတွက် (၅)အုပ် စုစုပေါင် ဆန္ဒ မဲလက်မှတ်(၇၉၉၁)အုပ်တို့အား နေ့ချင်းပြီး စစ်ဆေးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်မောင်အေးထံမှ သိရသည်။
ဆလိုင်း(ကနီ)