ဆိပ်ကြီးခနောင်တိုမြို့နယ်၌(Quarantine) ဝင်ရောက်နေသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Diagnostic Test Kit ဖြင့် စစ်ဆေး

ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက်  (Quarantine) ဝင်ရောက်နေသူများအား ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ/မရှိ RDT Test Kit  ဖြင့် စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းမှ စ၍ မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်နေရာများတွင် မြို့နယ် ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူ များမှ သွားရောက် စစ်ဆေးပေးခဲ့သည်။
ယင်းသို့ စစ်ဆေးရာတွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဦးသိန်းမြင့် ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများမှ အဖွဲ့(၃)ဖွဲ့ခွဲ၍  မြို့နယ်အတွင်းရှိ အ−ထ−က (ခနောင်တို)၊ ထ(ခွဲ)အ−လ−က၊ အ−မ−က(၁၀)၊ အ−မ−က(၆)နှင့် အ−မ−က(၇) စသည့် အသွားအလာကန့်သတ်စောင့်ကြည့်နေရာများ (၅)ခုတွင် Quarantine ဝင်ရောက် နေသည့်  အမျိုးသား (၄၄)ဦး၊ အမျိုးသမီး (၃၀)ဦး စုစုပေါင်း (၇၄)ဦးတို့ကို  ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အား  RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၃)ဦး မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရပြီး ၎င်းတို့အား ရောဂါကုသရေး စင်တာသို့ အမြန်ဆုံး ပို့ဆောင်နိုင်ရေး ဆက်လက် စီစဉ် ဆောင်ရွက်လျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အောက်တိုဘာလ ၁၉ ရက် နံနက်(၁၀)နာရီ အချိန်ထိ (Quarantine)ဝင်ရောက်နေသူ(၁၅၂)ဦး၊ ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ( ၁၉၀)ဦး၊ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းသူ(၇၃)ဦးနှင့် သေဆုံးသူ (၆)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ထံမှ သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)