ရေးမြို့နယ်တွင် မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်း ဆွေးနွေး ပွဲပြုလုပ်

ရေး  အောက်တိုဘာ ၂၀

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ လုပ်ငန်းများ အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၊  အစည်း အဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

ထို့သို့ တွေ့ဆုံညှိနှိုင်းရာတွင်  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးညီသွေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ဝါဝါချိုက ရွေးကောက်ပွဲလုပ်ငန်းများလုပ်ဆောင်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် အသက်အရွယ်ကြီးရင့်သူများ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် ကိစ္စများ Quarantine Center များရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၊ မဲဆန္ဒနယ်အတွင်း ကြိုတင်ဆန္ဒမဲပေး သူများနှင့်  မဲဆန္ဒနယ်ပြင်ပမှ ကြိုတင်ဆန္ဒမဲပေးသူများအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး လုပ်ငန်း စဉ်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့်  မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ဝင်များ၊ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်  အတွင်းရေးမှူးများမှ သိရှိ လိုသည်များနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအကြောင်းကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး သင်တန်းကို စက်တင်ဘာလ (၂၄) ရက်နေ့မှ (၂၆) ရက်နေ့အထိ ဖွင့်လှစ် ပို့ချသွား မည်ဖြစ်သည်။

မြို့နယ်(ပြန်/ဆက်)