ကွမ်းခြံကုန်း အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင် ကွမ်းခြံကုန်း မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ယမန်နေ့မနက်(၉)နာရီက မြို့မဈေးကြီးအတွင်း မြို့နယ်ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များက ဈေးရောင်းချသူဈေးဝယ်သူများအား နှာခေါင်းစည်း (mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုတွင် ကိုဗစ်-၁၉မြို့နယ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များဖြစ်သည့် ဌာနဆိုင်ရာ များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာ အဖွဲ့ဝင်များပူးပေါင်း၍ မြို့မဈေးကြီးအတွင်း ဈေးရောင်းချသူ ၊ဈေးဝယ်သူ များအား နှာခေါင်းစည်း(mask)တပ်ဆင်၍ ရောင်းဝယ်ကြရန် အသိပေးနှိုးဆော်ပြီး လိုက်နာ ဆောင်ရွက်ခြင်း မရှိသူများအား ဒဏ်ကြေးငွေ(၂၀၀)ကျပ်ပေးဆောင်စေ၍ (mask)တစ်ခုပေးပြီး စနစ်တကျတပ်ဆင်စေရန်နှင့်(mask) ကိုမေးစေ့အောက်သို့ဆွဲချမထားရန်တို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်အတွင်းကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့မှ နေ့စဉ်မြို့မဈေးကြီးနှင့် လူအများသွားလာရာ နေရာများတွင် နှာခေါင်းစည်း (mask) တပ်ဆင်သွားလာရန်ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)