ဆိပ်ကြီးခနောင်တိုမြို့နယ် အ−ထ−က(ခနောင်တို) ၂၀၀၅ ကျောင်းဆင်း သူငယ်ချင်းများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးအထောက်အကူပြုပစ္စည်းများ၊ အလှူငွေနှင့် အစားအသောက် များ လှူဒါန်း

ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၂၀


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (အ−ထ−က-ခနောင်တို)တွင် ပညာသင်ကြားခဲ့သော  ၂၀၀၅ -ကျောင်းဆင်း သူငယ်ချင်းများစုပေါင်း၍  မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အထောက်အကူပြုပစ္စည်းများ၊ အလှူငွေနှင့် အစားအသောက်များကို ယမန်နေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာနေရာများတွင် ၎င်းတို့ ကိုယ်တိုင် သွားရောက် လှူဒါန်းပေးခဲ့ကြသည်။
ယင်းသို့လှူဒါန်းရာတွင်  မြို့နယ်အတွင်းရှိ (Quarantine Center)များတွင်  Quarantine ဝင်ရောက် နေသူ (၁၇၀)ဦးအတွက်  နေ့လယ်စာ ထမင်း ဟင်းနှင့် သောက်ရေသန့်များ လှူဒါန်း ပေးခြင်း၊ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး အထောက် အကူပြု ကော်မတီသို့ လှူဒါန်းငွေ ကျပ် ၁၀၀၀၀၀/- ကိုလည်းကောင်း၊ ဆိပ်ကြီးခနောင်တို  မြို့နယ် ပြည်သူ့ ဆေးရုံတွင် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသည့်  Surgical gown အခု(၁၀၀)၊ Hair cap အခု (၆၀၀)နှင့် ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများ အတွက် နေ့လည်စာ  ထမင်းဘူးများကိုလည်းကောင်း၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများနှင့် အခြား လူမှုကူညီ ကယ်ဆယ်ရေးလုပ်ငန်းများတွင်  ပရဟိတစိတ် အပြည့်ဖြင့် ကူညီ ဆောင်ရွက်ပေးနေသည့်“မေတ္တာအလင်းရောင်” ရှင်ရေးကူညီမှု အသင်းသို့ အလှူငွေ ကျပ် ၅၀၀၀၀/-  စုစုပေါင်း လှူဒါန်းမှု တန်ဘိုးငွေကျပ် (၆၈၀၀၀၀/-) ကို ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် သက်ဆိုင်ရာ နေရာများသို့ ကိုယ်တိုင်သွားရောက် ပေးအပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)