မင်းလှ(အောက်) အောက်တိုဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲနှင့်ပတ်သက်၍ လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ကပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်ဝင်းက အောက်တိုဘာ ၂၉ ရက်နေ့ ကြိုတင်မဲပေးနိုင်ရေးအတွက်အစီအစဉ်များ၊ မဲရုံမှူး ဒုမဲရုံမှူးသင်တန်းဖွင့်လှစ်ပေးရေး အစီအစဉ်များ၊ နိုဝင်ဘာ ၈ ရက်နေ့တွင် မဲရုံများကြီးကြပ်ရေးနှင့် ဆန္ဒမဲလက်မှတ်များ စာရင်းပြုစုရေး စသည့် ကိစ္စရပ်များကိုဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်းပြောကြားသည်။
ဆက်လက်၍မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ရွေးကောက်ပွဲနှင့် ပတ်သတ်၍ ဖြည့်စွက်ဆောင်ရွက်သင့်သည့် လုပ်ငန်းများအကြောင်းကိုအသီးသီးဆွေးနွေးညှိနှိုင်း ပြောကြားခဲ့ကြောင်း သိရသည်။
ပေါက်စ မင်းလှ