ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်

ရှမ်းရွာသစ်  မတ်  ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်/စာစောင် လာရောက်ငှားရမ်းသူများအား ယနေ့နံနက် ၉ နာရီအချိန်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ နှင့်ပတ်သက်၍ ကျန်းမာရေးဦးစီးဌာနမှ ဖြန့်ဝေသည့် လက်ကမ်းစာစောင်ပါ ကြိုတင်ကာကွယ်ရန် နည်းလမ်းများ၊ ဆောင်ရန်/ရှောင်ရန် အချက်များကို မြို့ဦးစီးမှူး ဒေါ်အေးအေးနွဲ့က ရှင်းလင်း ပြောကြားခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ  ကာကွယ်သည့် နည်းလမ်းအနေဖြင့် စနစ်တကျ လက်ဆေးခြင်းများကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေဠု (ပြန်/ဆက်)