ရန်ကုန် အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Quarantine Center (၆)ခုတွင် ရောက်ရှိနေသော ပြည်သူများအား စားရေးသောက်ရေး အဆင်ပြေစေရန် ရည်ရွယ်၍ နံနက်စာအတွက် အသင့်စားမုန့်ဟင်ခါးများကို ယနေ့ နံနက်(၇)နာရီအချိန်က လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင် အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ သကြားမြိုင်လမ်းနေ ကိုမင်းမင်းသန်းနှင့်ဇနီး မဖြူတို့က သား မောင်စွမ်းလင်းထက်၏ အသက်(၁၂)နှစ်ပြည့် မွေးနေ့အတွက် အင်းစိန်မြို့နယ်၊ Quarantine Center (၆)ခုတွင် ရောက်ရှိနေသော ပြည်သူ(၅၀၀)ဦးခန့်နှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန့်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်နေကြသော ပရဟိတအဖွဲ့များ၊ လူမှုကူညီရေးအသင်းများရှိ စေတနာ့ ဝန်ထမ်းများ အတွက် အသင့်စားမုန့်ဟင်ခါးများကို လှူဒါန်းရာ Quarantine Center များရှိ တာဝန်ရှိသူများက အသီးသီး လက်ခံရယူခဲ့ကြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)