ဒေါပုံ အောက်တိုဘာ ၂၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်ရှိ လူမှုကူညီရေးအသင်းများအား PPE နှင့် ကလိုရင်းပိုးသတ်ဆေး mmk (18 liter)ပုံးများ လှူဒါန်းပေးခြင်းကို ယမန်နေ့ နေလယ် (၁၂) နာရီအချိန်တွင် ဒေါပုံမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ထိုသို့လှူဒါန်းရာတွင် ဒေါပုံမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများ၊ သံသယလူနာများ၊ ထိတွေ့လူနာများနှင့် လူမှုကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိသော သစ္စာမဏ္ဍိုင် လူမှုကူညီကယ်ဆယ်ရေး အသင်းသို့ PPE (level-1) ဝတ်စုံ ၁၂၀ စုံ၊ အကြင်နာကုသိုလ်ပြု လူမှုကူညီကယ်ဆယ်ရေး အသင်းသို့ PPE (level-1) ဝတ်စုံ ၂၀ စုံနှင့်က လိုရင်းပိုးသတ်ဆေး mmk (18 liter) (၁)ပုံး ၊ ရွှေဒေါပုံသွေးနှင့် လူမှုကယ်ဆယ်ရေး အသင်းသို့ PPE (level-1) ဝတ်စုံ ၁၀ စုံနှင့် ကလိုရင်း ပိုးသတ်ဆေး mmk (18 liter)(၁)ပုံးတို့ကို လှူဒါန်းပေးခဲ့ရာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဒေါပုံမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းဇော်က ဘုန်းတော်ကြီးကျောင်းများသို့ ဆန်၊ ဆီ၊ ဆား များကိုလည်း ဆက်လက်၍ လှူဒါန်းပေးသွားမည် ဖြစ်ကြောင်းကို ပြောကြားခဲ့ပါသည်။
သဲစုစုလွင်(ပြန်/ဆက်)