ဒေါပုံမြို့နယ် စည်ပင်သာယာရေးကော်မတီမှ Quarantine Center များသို့ PPE ဝတ်စုံ (၁၂၅)စုံ လှူဒါန်း

ဒေါပုံ အောက်တိုဘာ ၂၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်ရှိ Quarantine Center များသို့ PPE ဝတ်စုံများကို ဒေါပုံမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ယမန်နေ့ နံနက်ပိုင်းအချိန်က သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းရာတွင် ဒေါပုံမြို့နယ်အတွင်းရှိ Quarantine Center များ ဖွင့်လှစ်ထားရှိသော  မြို့သစ်ရပ်ကွက် အမက(၃)ကျောင်း ၊ ဝါဆိုရပ်ကွက် အမက(၂)ကျောင်း၊ သင်္ဘောကျင်းရပ်ကွက် အလက(၁)ကျောင်း ၊ နွယ်အေးရပ်ကွက် အမက(၅)ကျောင်း နှင့် ဇေယျာသီရီရပ်ကွက်ရှိ Fever Clinic များသို့ နေရာ(၁) ခုလျှင် PPE ဝတ်စုံ ( ၂၅)စုံ၊ စုစုပေါင်း (၁၂၅) စုံတို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့သို့လှူဒါန်း​ခြင်းကို ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို(ခ)ဦးဌေးဝင်းအောင်၊ မြို့နယ်စည်ပင် သာယာရေး အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဘိုဘိုဇော်၊ အဖွဲ့ဝင်-၁ ဦးမင်းမောင်မောင်၊ အဖွဲ့ဝင်-၂ ဦးသက်နိုင်ဦး နှင့်မြို့မိမြို့ဖ ဦးမြင့်လွင်တို့က သွားရောက်လှူဒါန်းပေးခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် Fever Clinic တာဝန်ခံတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

သဲစုစုလွင်(ပြန်/ဆက်)