မော်လမြိုင် အောက်တိုဘာ ၂၀
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀) မြို့နယ် ဆောင်သို့ ယမန်နေ့ ညပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက် လာသော နေရပ်ပြန်ကျား (၂၄) ဦးနှင့် မ(၁၅)ဦး စုစုပေါင်း(၃၉)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထားပေးကြောင်း သိရ သည်။
ထိုသို့Quarantine ဝင်ရောက်လာသောနေရပ်ပြန်များကို လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှုးကြီး နေထွဋ်ဦး၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးမြင့်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတိုးလွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလင်း ထွန်း၊ နှင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ CBFQ ကွပ်ကဲရေးစခန်းမှတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တို့က နွေးထွေးစွာကြိုဆိုကြပြီး အဖျားတိုင်းခြင်း၊ စာရင်းသွင်းခြင်း၊ ၎င်းတို့တည်းခိုမည့်အဆောင်များသို့ ပို့ဆောင်ပေးခြင်း၊ စားရေး သောက်ရေး စီစဉ်ပေးခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။
Quarantine ဝင်ရောက်လာသူများကို အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်း၌ ထားရှိပြီး အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ပတ်တို့အား ရယူ၍ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု ရှိ/မရှိ စစ်ဆေး သွားမည်ဖြစ်ပြီး ရက်သတ္တတစ်ပတ်တွင်ကျန်းမာရေး စစ်ဆေးမှုတစ်ကြိမ် ဆောင်ရွက်ပေးကာ (၁၄)ရက်ကန့်သတ်စောင့်ကြည့်၍ ရောဂါပိုးမတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်သို့ လွှဲပြောင်း သွားမည် ဖြစ်ကြောင်း သိရသည်။ မေလ(၁)ရက်နေ့မှယနေ့အထိ ပြည်ပနိုင်ငံအသီးသီးမှ နေရပ်ပြန်လာသူပေါင်း (၁၄၈၇၆) ဦးရှိပြီး ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)