တောင်ဥက္ကလာပမြို့နယ်၌ အ.ထ.က(၃) Quarantine Center တွင် စောင့်ကြည့်လူနာများ ထပ်မံထားရှိရန် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန် အောက်တိုဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၃) ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း Quarantine Centerအား စောင့်ကြည့် လူနာများ ထပ်မံထားရှိရန်အတွက် ယမန်နေ့ ညနေပိုင်းအချိန်က သန့်ရှင်းရေးနှင့် ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း Quarantine Centerတွင် ဒုတိယအကြိမ် စောင့်ကြည့်လူနာများ ထပ်မံထားရှိနိုင်ရေးအတွက် ဆေးဖြန်းခြင်း၊ သန့်ရှင်းရေးများ ဆောင်ရွက်ခြင်း၊ ကုတင်များ ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့သန့်ရှင်းရေး ဆောင်ရွက်မှုအား မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ၊ အမှတ်(၁၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းလှိုင် နှင့် တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ Volunteerများနှင့် ပရဟိတအသင်းအဖွဲ့များ ပူးပေါင်း ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)