ရေတာရှည် အောက်တိုဘာ ၂၀
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှု မှတ်တမ်းများ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး ရုပ်ပုံများအား ပြည်သူ များ အသိပညာ ဗဟုသုတရရှိနိုင်စေရေးနှင့် သိရှိလေ့လာ နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းမှစတင်၍ ပြသပေးထားကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ဆောင်ရန်/ရှောင်ရန်နည်းလမ်းများ မီဒီယာနှင့် သတင်းအချက်အလက် သိရှိ နားလည်မှုရှိသော မိဘအုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာ နည်းလမ်းများ စသည့် အကြောင်းအရာများ ပါဝင်သော UNESCO မှပေးပို့လာသည့် အသိပညာပေးရုပ်ပုံများ နှင့် နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်ချက်များကိုလည်း ပြသထားကြောင်း သိရှိရသည်။
ဆု (ပြန်/ဆက်)