မြောက်ဥက္ကလာပမြို့နယ် အ.မ.က(၁၂)ကျောင်း Quarantine Centreသို့ အလှူရှင်များမှ  အလှူငွေများ၊ ရေသန့်ဗူးများ၊  ကြက်ဥနှင့် Volunteer ဝတ်စုံများ လှူဒါန်း

မြောက်ဥက္ကလာပ     အောက်တိုဘာ  ၂၀


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ဇ)ရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါရှိသူများနှင့် ဆက်စပ်သူများထားရှိသည့် အ.မ.က(၁၂)ကျောင်း Quarantine Centreတွင် Quarantine ဝင်ရောက်နေသူများနှင့် Volunteer များအတွက်  အလှူရှင်များမှ  အလှူငွေများ၊ ရေသန့်ဗူးများ၊ ကြက်ဥနှင့် Volunteer ဝတ်စုံများကို ယမန်နေ့ နံနက် ၁၀ နာရီက  လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင်များမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ဦးသန်းထိုက်၊ ဒေါ်အေးအေးသွင် မိသားစုက ရေသန့်ဗူး (၃၀၀၀)ဗူး၊ ဦးထွန်းမြင့်နိုင်၊ ဒေါ်နီနီဝင်းမိသားစုက ကြက်ဥ (၁၅၀)လုံး၊ ဦးဇော်ဌေးအောင်၊ ဒေါ်ဌေးဌေးဝင်း မိသားစုက  Volunteer ဝတ်စုံ(၇)စုံ၊ ဦးကိုကိုလွင်၊ဒေါ်သီတာဝင်းမိသားစုက အလှူငွေကျပ် (၃၅၀,၀၀၀) နှင့် D-Day လက်ဖက်ရည်ဆိုင်မိသားစုမှ  နံနက်စာအာဟာရများ ကို လှူဒါန်းခဲ့ရာ (ဇ)ရပ်ကွက်၊ စေတနာရှင်လူမှုဘဝစောင့်ရှောက်ရေးအသင်းနာယက ဦးစိုးတင့်နှင့် အဖွဲ့ဝင် များက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေး အပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် Quarantine Center တွင် Quarantine ဝင်ရောက် နေသူများနှင့် Volunteerများအတွက် လိုအပ်ချက်များကို လှူဒါန်းလိုပါက (ဇ)ရပ်ကွက်၊ စေတနာရှင် လူမှုဘဝစောင့်ရှောက်ရေးအသင်း        ဖုန်း- ၀၉ ၅၁၇၂၄၂၃သို့ ဆက်သွယ် လှူဒါန်း နိုင် ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)