ပခုက္ကူ အောက်တိုဘာ ၂၀
ပခုက္ကူခရိုင်နှင့်ပခုက္ကူမြို့နယ်အဆင့် ဌာနဆိုင်ရာများက ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေပေးအပ်ပွဲကို ခရိုင်ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြဧရာ (၁) ခန်းမတွင် ယနေ့ နေ့လယ်၂ နာရီက ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်အံ့မောင်ကခရိုင်အဆင့် ဌာနဆိုင်ရာ များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေးကော်မတီသို့ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်လင်းပြောကြားသည်။ ဆက်လက်၍ အလှူတော်ငွေပေးအပ်ပွဲကို ကျင်းပရာ ခရိုင်အဆင့်မြို့နယ်အဆင့်များက လှူဒါန်းသော အလှူတော်ငွေသိန်း ၈၀ ကျော်အား ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌဦးကျော်အံ့မောင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခိုင်ထွန်းဇော် တို့က ပေးအပ်ရာ ပခုက္ကူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို၊ ကိုဗစ်-၁၉ အထောက်အကူပြု လုပ်ငန်းကော်မတီအတွင်းရေးမှူး ပခုက္ကူမြို့နယ်ကုန်သည်ပွဲစားများ အသင်း ဥက္ကဋ္ဌ ဦးတင့်ဝေတို့က လက်ခံရယူသည်။
ထို့နောက် လှူဒါန်းကြသော ခရိုင်နှင့်မြို့နယ်အဆင့််ဌာနဆိုင်ရာများအား ဂုဏ်ပြုမှတ်တမ်းလွှာ များပေး အပ်ပြီး လှူဒါန်းပေးသော ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများအား ကိုဗစ်-၁၉ အထောက်အကူပြု လုပ် ငန်းကော်မတီအတွင်းရေးမှူး ပခုက္ကူမြို့နယ်ကုန်သည် ပွဲစားများအသင်း ဥက္ကဋ္ဌ ဦးတင့်ဝေက ကျေးဇူး တင်စကား ပြန်လည်ပြောကြားသည်။
ကိုတမာ(ပြန်/ဆက်)