ကျိုက်မရော အောက်တိုဘာ ၂၀
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေး စောင့်ရှောက်မှု ဆေးခန်းတွင် ယနေ့နေ့လည် ၂နာရီခန့်က ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက် အစီအစဉ်တွင် အိတ်ချ်ပီဗီ ကာကွယ်ဆေး (HPV)စတင်ထိုးနှံခြင်း မြို့နယ်အဆင့်ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်က အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဝင်းဇော်က အိတ်ချ်ပီဗီကာကွယ်ဆေး ထိုးနှံပေးရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်မြို့ပေါ်ရပ်ကွက်၂ရပ်ကွက်ရှိ အသက်(၉)နှစ်မှ(၁၀)နှစ်အတွင်းရှိ အမျိုးသမီးငယ် (၁၈၇) ဦးအား သားအိမ်ခေါင်းကင်ဆာ ကင်းဝေးစေရေးအတွက် ပထမအကြိမ် အိတ်ချ်ပီဗီ ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး အမျိုးသမီးငယ်များအား လက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
ကျိုက်မရော မြို့နယ်တွင် အဆိုပါကာကွယ်ဆေးကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှ စ၍ပုံမှန် ကာကွယ်ဆေး ဆေးထိုး အစီအစဉ်တွင်အသက် ၉နှစ်မှ ၁၀ နှစ်အထိ အမျိုးသမီးငယ်များ ခန့်မှန်းဦးရေ ၁၈၇ ဦးအား ပထမအကြိမ် ထည့်သွင်း ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်မှု အပြည့်အဝ ရရှိရန်အတွက် ပထမအကြိမ် ထိုးနှံအပြီး (၁၂) လခြားကာ ဒုတိယအကြိမ် ထပ်မံ ထိုးနှံပေးသွားမည် ဖြစ်ကြောင်းမြို့နယ် ကျန်းမားရေးဦးစီးဌာနမှ သိရသည်။
ချိုချို( ပြန်/ ဆက်)