တန့်ဆည်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) စတင် ထည့်သွင်းထိုးနှံမည့် အမျိုးသမီးငယ် (၁၈၀၆)ဦးရှိ

 တန့်ဆည် အောက်တိုဘာ  ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ် ဆေး(HPV) စတင် ထည့်သွင်းထိုးနှံခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်မိုးက သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ထိုးနှံခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့ပေါ်ရှိ အသက်(၉)နှစ် မှ (၁၀)နှစ်အတွင်းရှိ အမျိုးသမီးငယ်များကို သားအိမ်ခေါင်းကင်ဆာ ကင်းဝေးစေရေးအတွက် ပထမ အကြိမ် (HPV) ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး တာဝန်ရှိသူများက ကြည့်ရှု့အားပေးကာ လက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ နှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး တန့်ဆည်မြို့နယ် တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)ထိုးနှံပေးမည့် အသက်(၉)နှစ်မှ အသက် (၁၀)နှစ်အထိ အမျိုးသမီးငယ် (၁၈၀၆)ဦးကို ပထမအကြိမ် ထည့်သွင်းထိုးနှံမည်ဖြစ်ပြီး ကာကွယ်မှု အပြည့်အဝရရန်အတွက် (၁၂)လခြားကာ ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ငြိမ်းမင်းထွန်း(တန့်ဆည်)