ဆားလင်းကြီး အောက်တိုဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် မြန်မာနိုင်ငံရှိ အမျိုး သမီးများ ၌ အဖြစ်များဆုံးသော သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်နိုင်ရန်အတွက် သားအိမ်ခေါင်း ကင်ဆာရောဂါ (HPV) ကာကွယ်ဆေးကို ယနေ့ နံနက်(၈)နာရီ အချိန်က စတင်၍ အခမဲ့ ထိုးနှံပေး လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာ (Human Papilloma Virus) ကာကွယ်ဆေးကို ကာကွယ် ဆေးထိုနှံရန် သတ်မှတ်ချက်တွင် အကျုံးဝင်သည့် အသက် (၉)နှစ်မှ (၁၀)နှစ်အရွယ် အမျိုးသမီးငယ် လေးများကို တစ်နှစ်တစ်ကြိမ် ထိုးနှံပေးသွားမည်ဖြစ်ပြီး ယခုအကြိမ်သည် ပထမဆုံးအကြိမ် ထိုးနှံ ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆားလင်းကြီးမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနအနေဖြင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ရောဂါ ကာကွယ်ဆေး ထိုးနှံရန်အတွက် ဆားလင်းကြီးမြို့ပေါ်ရပ်ကွက်များမှ သတ်မှတ်ချက်များတွင် အကျုံးဝင်သည့် အသက် (၉)နှစ်မှ (၁၀)နှစ်အရွယ် အမျိုးသမီးငယ် (၄၉)ဦး အား ကာကွယ်ဆေး အခမဲ့ ထိုးနှံ ပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နွယ်နီနေ ဝင်း ထံမှ သိရှိရသည်။
ဥမ္မာခိုင် (ဆားလင်းကြီး ၊ ပြန်/ဆက်)