ပေါင်းတည် အောက်တိုဘာ ၂၀
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့၌ ကိုဗစ်-၁၉ ကာလတွင် မြို့နယ်စည်ပင်သာယာရေး မြို့မစျေးကြီး အတွင်း သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရောင်းချရေးနှင့် မီးဘေးလုံခြုံရေးလုပ်ငန်းများကို မြို့နယ်မီးသတ် ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၈နာရီက ကွင်းဆင်း ဆောင်ရွက် စစ်ဆေးခဲ့ကြောင်းသိရသည်။
ဆောင်ရွက်ရာတွင် စျေးအတွင်းရောင်းချသည့်စျေးဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/ မရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရောင်းချကြရေး စျေးရောင်း/စျေးဝယ်သူများ Maskနှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ကြရေး မီးဘေးလုံခြုံရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုများနှင့် မီးသတ်ရေလှောင်ကန်အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးကျော်စွာလင်းမြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးစည်သူဝင်းမီးသတ်တပ်ဖွဲ့ဝင်များ နှင့်အတူ စျေးအကျိုးတော်ဆောင် အဖွဲ့မှ တာဝန်ရှိသူများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)ပေါင်းတည်