လှိုင်သာယာ(အနောက်ပိုင်း) အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ သက်ကြီး စာရေးဆရာများ အား ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံစားသောက်ကုန်များကို မြို့နယ်စာရေးဆရာ အသင်းမှ ယမန်နေ့မွန်းလွဲပိုင်းကပေးအပ်လှူဒါန်းသည်။
အဆိုပါ ပေးအပ်လှူဒါန်းရာတွင် မြို့နယ်စာရေးဆရာအသင်းသို့ စာရေးဆရာတစ်ဦးလျှင် ငွေကျပ်(၂၀၀၀) နှုန်းဖြင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ထောက်ပံ့သည့် အလှူငွေအား မတည်၍ စာရေးဆရာအလုပ် အမှုဆောင်အဖွဲ့မှ ငွေကျပ်(၁၀၀၀၀၀)နှင့် စေတနာရှင် အလှူရှင်များ စုပေါင်းကာ သက်ကြီးစာရေး ဆရာ(၉)ဦးအား တစ်ဦးလျှင် ဆန်(၆)ပြည်၊ဆီတစ်ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာ၊ ကြက်သွန်ဖြူ(၅၀)သား၊ အာလူး(၁)ပိဿာ၊ကုလားပဲ(၅၀)သား၊ ကြက်ဥ(၁၀)လုံး၊ အချိုမှုန့်(၁)ထုပ်၊ဆား (၁)ထုပ် ၊ကော်ဖီ(၁)ပါကင်၊ ကိတ်ခြောက်(၁)ထုပ်၊ ခေါက်ဆွဲ(၁)ပါကင်၊ ရေချိုးဆပ်ပြာ (၁)တုံး၊ ခြင်ဆေးခွေ(၁)ဘူး၊ လက်ဖက်ခြောက် (၁)ထုပ်၊နှစ်ပြန်ကြော်(၁)ထုပ်၊ လက်ဖက်နှပ်(၁)ထုပ် စုစုပေါင်း ငွေကျပ်(၂၇၀၀၀၀) တန်ဖိုး ရှိ အခြေခံစား သောက်ကုန် (၁၇)မျိုးအား ကန်တော့ပေးအပ်လှူဒါန်းပြီး စာရေးဆရာကြီးများမှ ကျေးဇူးတင် ဆုတောင်းမေတ္တာများ ပို့သခဲ့ကြကြောင်းသိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)