မင်းလှမြို့နယ်တွင်အိတ်ခ်ျပီဗီ ကာကွယ်ဆေးကို   ပုံမှန်ကာကွယ် ဆေးထိုးခြင်းအစီအစဉ်တွင် စတင်ထည့် သွင်းထိုးနှံပေး

မင်းလှ  အောက်တိုဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာနက ပုံမှန်ကာကွယ်ဆေးထိုးခြင်း အစီအစဉ်တွင် (၁၃) ခုမြောက် ကာကွယ်ဆေးအဖြစ် အိတ်ခ်ျပီဗီ ကာကွယ်ဆေးထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၀ ရက်နေ့လည် နာရီချိန်က မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဆရာဝန်ကြီးဒေါက်တာလှဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေးထိုးခြင်း အစီအစဉ်တွင် အိတ်ခ်ျပီဗီ ကာကွယ်ဆေးစတင်ထည့်သွင်းခြင်းဗဟိုအဆင့်ဖွင့်ပွဲအ ခမ်းအနားအစီအစဉ်ကို တတ်ရောက် လာသူများအား ZOOM MEETING ဖြင့်ပြသခဲ့ပြီး၊ အသက်() နှစ်မှ (၁၀) နှစ်အရွယ်မိန်းကလေးငယ် (၁၁) ဦးကိုအိတ်ခ်ျပီဗီ ကာကွယ် ဆေးထိုးနှံပေးကာ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။

မင်းလှမြို့နယ်တွင် အသက်()နှစ်မှ (၁၀)နှစ်အရွယ်မိန်းကလေးငယ် (၁၁၈၂)ဦးကို အောက်တိုဘာ ၂၁ ရက် နေ့မှစတင်ကာ ရပ်ကွက်နှင့်ကျေးရွာ များအလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ပေါက်စ မင်းလှ