ပေါက်ခေါင်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးစတင် ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ပေါက်ခေါင်း  အောက်တိုဘာ ၂၀

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းမြို့နယ်အဆင့်ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ()နာရီက  မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ပေါက်ခေါင်း မြို့နယ်အတွင်းရှိ  အသက်()နှစ်မှ (၁၀)နှစ်အ တွင်း မိန်းကလေးငယ်စုစုပေါင်း (၁၀၃၉)ဦးကို အောက်တိုဘာ (၂၁)ရက်နေ့တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ကို ပုံမှန် ကာကွယ် ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံသွား မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သိမ့်သိမ့်ထွန်း ကပြောကြားသည်။ ယနေ့ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး စတင်ထိုး နှံခြင်း ဖွင့်ပွဲနေ့တွင် အမျိုး သမီးငယ်()ဦးအား စတင်ထိုးနှံပေးခဲ့ပြီး နောက်ရက်များတွင်  စုရပ်နေရာ အသီးသီး၌ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်းသိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်‌ေရးမှူးဦးဇော်ဇော်ဦးနှင့် ဌာနဆိုင် ရာများ၊  မြို့နယ်ဆရာဝန်ကြီး  နှင့် ကျန်းမာရေးဌာနဝန်ထမ်းများ၊ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)