ဇီးကုန်း အောက်တိုဘာ ၂၀
Human Papilloma Virus(HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးအား ပုံမှန်ကာကွယ် ဆေးထိုးခြင်းအစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်းကို အောက်တိုဘာ ၂၀ ရက် နေ့လည် ၁နာရီခွဲက ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆောင်ရွက် ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာ အဖွဲ့နှင့် ကာကွယ်ဆေးထိုးမည့်မိန်းကလေးငယ်များနှင့် မိခင်များတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာမြို့နယ်ဆရာဝန်ကြီးမှ ကာကွယ်ဆေးထိုးနှံမည့်အစီအစဉ်၊ အသက်အရွယ်အပိုင်း အခြားနှင့် ကာကွယ်ဆေးအပြည့်အဝရရှိစေရန် (၂)ကြိမ်ထိုးနှံပေးရန် လိုအပ်ကြောင်းတို့ကို ရှင်းလင်း ပြောကြားပြီး ကျန်းမာရေးဝန်ထမ်းများက အသက် ၉ နှစ် မှ ၁၀ နှစ်အရွယ် မိန်းကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။ အဆိုပါကာကွယ်ဆေးအား နှစ်ကြိမ် ထိုးနှံရ မည်ဖြစ်ပြီး အသက်(၉)နှစ်မှ(၁၀)နှစ်အရွယ် မိန်းကလေးတိုင်းကို တစ်ကြိမ်နှင့်တစ်ကြိမ် (၁၂)လခြားပြီး နှစ်ကြိမ်ထိုးနှံပေးရမည်ဖြစ်ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)
ဦးတင့်ဆွေ(ဓာတ်ပုံ-၂)
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ဇီးကုန်းမြို့။၀၉-၂၅၀၉၂၉၈၂၆