ရွှေတောင် ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ရွှေတောင်(အ.ထ.က) ကျောင်းရတနာခန်းမတွင် ယနေ့နံနက် ၉နာရီခွဲက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်း ဆောင်ရွက်ရာတွင် မူလတန်း ကျောင်းသား၊ ကျောင်းသူ(၂၀၀)ကျော်အား စာဖတ်စွမ်းရည်မြင့်မားလာစေရန် ရည်ရွယ်၍ စာကြည့်တိုက်မှူး ဒေါ်နွေးဒါလီနိုင်က စက္ကူပြဇာတ်ပြသပေးခြင်း၊ ဘုတ်ပြားပြဇာတ်ပြသပေးခြင်းနှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်အေးအေးခိုင်က ပုံပြင်စာအုပ် ဖတ်ပြခြင်းစသည့် ဗဟုသုတရစေမည့် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ကျောင်းသား၊ ကျောင်းသူလေးများ ပျော်ရွှင်စေရန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
ကိုကိုမင်း(ပြန်/ဆက်)