ပုံမှန်​ကာကွယ်​ဆေးထိုး၊​ဆေးတိုက်​အစီအစဉ်​တွင်​အိတ်​ခ်ျ​ပီဗီကာကွယ်​ဆေး   စတင်​ထည့်သွင်းခြင်း မြို့နယ်​ အဆင့်​ဖွင့်​ပွဲအခမ်းအနားဒိုက်​ဦးမြို့နယ်​တွင်​ကျင်းပ

ဒိုက်ဦး  အောက်တိုဘာ  ၂၀

 ပဲခူးတိုင်းဒေသကြီးဒိုက်ဦးမြို့နယ်ထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာနအစည်းအဝေးခန်းမတွင်အောက်တိုဘာ  ၂၀ ရက်နေ့နေ့လည်(၁၂)နာရီအချိန်က ပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်အစီအစဉ်တွင်အိတ်ခ်ျပီဗီ ကာကွယ်ဆေးစတင်ထည့်သွင်းခြင်းမြို့နယ်အဆင့်ဖွင့်ပွဲ အခမ်းအနားကျင်းပရာ ဒိုက်ဦးမြို့နယ်ဆရာဝန်ကြီးဒေါက်တာဇော်ဝင်းအောင်က ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်အစီအစဉ်တွင် HPV ကာကွယ်ဆေးစတင်ထည့်သွင်းခြင်းနှင့်ပတ်သက်၍ HPV ကာကွယ်ဆေးအကြောင်းကာကွယ်နိုင်သည့်ရောဂါအကြောင်း၊ရောဂါ ကူးဆက်ရခြင်းပုံ၊ရောဂါလက္ခဏများနှင့်ဖြစ်တတ်သောရောဂါများ၊ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားပါက ပြတတ်သောလက္ခဏ၊ ကင်ဆာဖြစ်ပွားပါကရှိတတ်သောနောက်ဆက်တွဲပြဿနာ၊အိတ်ပီဗီကူးစက်ခံရပြီး

သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနိုင်သောအချိန်၊ ကင်ဆာဖြစ်ပွားလာနိုင်ခြေ ပိုများလာစေသည့်ကြောင်း အရင်း၊ ပိုးမကူးစက်ခံရအောင်ကာကွယ်နည်းများ၊ ကာကွယ်ဆေးထိုးနံရမည့်အသက်အရွယ်၊ အကြိမ်နှင့်ကာကွယ်ဆေးဘေးထွက်ဆိုးကျိုးနှင့်ဆေးမထိုးပေးသင့်သည့်သူမျိုးအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားသည်

ထို့နောက်တက်ရောက်လာကြသော ဧည့်သည်တော်များမှသိရှိလိုသည်များ ပြန်လည်မေးမြန်းခြင်းနှင့်တာဝန်ရှိသူမှပြန်လည်ဖြေကြားခဲ့ပြီး အဆိုပါကာကွယ်ဆေးကိုဒိုက်ဦးမြို့နယ်အတွင်းမှအသက်၉ နှစ်နှင့်၁၀ နှစ်အရွယ်မိန်းကလေး ၂၈၀၆ ဦးအားထိုးနှံပေးသွားမည်ဖြစ်သည်

 

ကျော်ကျော်(ဒိုက်ဦး)